လှိုင်းဘွဲ ၁၀ မေ
၂၀၂၀ ပြည့်နှစ် မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဒေသခံ ပြည်သူများအနေဖြင့် ပျိုးပင်များအား အခမဲ့စိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီး လှိုင်းဘွဲမြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း(၂၀ဝ၀ဝ) စိုက်ပျိုးထားရှိကြောင်း သိရသည်။
ပျိုးပင်များအား လာမည့် ဇွန်၊ ဇူလိုင်လ မိုးရာသီမှာ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဒေသနှင့်ကိုက်ညီတဲ့အပင်များကို ပျိုးပင်အဖြစ် စိုက်ပျိုးပေးထားကြောင်း၊ ဒေသခံပြည်သူများအပြင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အများဆုံး လာရောက်ထုတ်ယူ စိုက်ပျိုးလျက်ရှိကြောင်းကို မြို့နယ်သစ်တောဦးစီးမှူး ဦးတင်မြတ်ထံမှ သိရသည်။
အဆိုပါ ပျိုးဥယျာဉ်အတွင်း၌ ကျွန်း(၇၀ဝ၀)၊ မန်ဂျန်ရှား(၇၀ဝ၀)၊ မဟော်ဂနီ(၂၀ဝ၀)၊ ငုရွှေဝါ(၁၀ဝ၀)၊ စိန်ပန်း(၁၀ဝ၀)၊ မယ်ဇလီ(၁၀ဝ၀)နှင့် မြန်မာကုက္ကို(၁၀ဝ၀) စုစုပေါင်း ပျိုးပင်(၂၀ဝ၀ဝ) စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


