မုဒုံ ၁၀ မေ

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရာသီပေါ်သီးနှံ ကြက်မောက်သီးများ အထွက်ကောင်းသော်လည်း ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် အများပြည်သူများခရီး သွားလာမှုနည်းပါးခြင်း၊ နွေရာသီဘုရားဖူးများသွားလာမှု မရှိခြင်းတို့ကြောင့် ဝယ်ယူစားသုံးသူဝယ်လိုအား ကျဆင်းလျက်ရှိသည်။

 

မုဒုံမြို့နယ်ရှိ စိုက်ပျိုးရေခြံများနှင့် ကျေးရွာအချို့တို့တွင် ကြက်မောက်သီးများကို စီးပွါးဖြစ် စိုက်ပျိုးကြရာ မြေသြဇာကောင်းသဖြင့် သဘာဝအတိုင်း နွေရာသီအခါ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသော နှစ်ရှည်သီးနှံပင်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါကြက်မောက်သီးများကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ကျေးရွာချင်းဆက် လမ်းများရှိလာခြင်းတို့ကြောင့် အချိန်မီထုတ်ကုန်များကို သယ်ယူပို့ဆောင်နိုင်ခြင်းကြောင့် ကျေးလက်နေပြည်သူများ သီးနှံထုတ်ကုန်ကို အဆက်မပြတ် တင်ပို့ရောင်းချရာ စီးပွားဖြစ်ကြောင်း သိရသည်။

 

သို့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားမြို့နယ်များမှ တစ်ဆင့်ခံလာရောက်ဝယ်ယူသူများ မရှိခြင်းကြောင့် ဒေသခံသီးနှံကုန်သည်များ အခက်ကြုံလျက် ရှိနေကြောင်း သိရသည်။

 

အောင်မျိုးသူ(မုဒုံ)