ရမည်းသင်း ၁၀ မေ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် Coronavirus Disease 2019 (COVID-19)ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် Mask စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၇)နာရီက ရမည်းသင်းမြို့ပေါ်၌ မိုဘိုင်းစနစ်ဖြင့် မြို့လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ် Coronavirus Disease2019 (COVID-19) ထိန်ချုပ်ရေးနှင် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask ကို စနစ်တကျတပ်ဆင် သွားလာခြင်းကို (၉-၅-၂၀၂၀) ရက်မှ (၁၅-၅-၂၀၂၀)ရက်အထိအား အသိပညာပေးကာလကို Mask စနစ်တကျ လုံခြုံစွာ တပ်ဆင်ခြင်းမရှိပါက ငွေကျပ် ၁၀၀၀ ဖြင့် Mask(၂)ခု ဝယ်ယူတပ်ဆင်ရပြီး (၁၅-၅-၂၀၂၀)ရက် အသိပညာပေး ကာလနောက်ပိုင်း Mask ကို စနစ်တကျ လုံခြုံစွာတပ်ဆင်ခြင်းမရှိပါက ငွေကျပ် ၅၀၀၀ ဖြင့် Mask(၂)ခု ဝယ်ယူတပ်ဆင်ရမည်ဖြစ်ရာ Mask စနစ်တကျတပ်ဆင် သွားလာခြင်းအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွာမည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦး၊ မြိုနယ် ကိုဗစ် - ၁၉ရောဂါ ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးထိန်လင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်မြင့်မော်၊ အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ ပူပေါင်း၍ အသိပညာပေး လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်နိုင်ထွန်း


