တာချီလိတ်  ၁၀  မေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံတွင်  ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၃) ဦးအနက် Case 112 သူနာပြုမှာ မေ ၉ ရက်နေ့တွင် ပြန်လည်ဓာတ်ခွဲစစ်ဆေးမှု၌ ပိုးမတွေ့ရကြောင်း သိရှိရသည်။

 

Case 112 ကို ဓာတ်ခွဲစစ်ဆေးမှု (၃)ကြိမ်မြောက်တွင် Negative ထွက်လာပြီး နောက်ထပ် ၄၈ နာရီအကြာ နောက်တစ်ကြိမ် ဓာတ်ခွဲနမူနာပြန်ယူ၍ ဓာတ်ခွဲရန်ရှိကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်ထံမှ သိရှိရသည်။

 

ရှမ်းပြည်နယ်အတွင်း မေလ (၈)ရက်နေ့အထိ ကုသမှုခံယူနေဆဲ အတည်ပြုလူနာ (၅)ဦးရှိပြီး တစ်ဦးမှာ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် လည်းကောင်း၊ တစ်ဦးမှာ မူဆယ်ပြည်သူ့ဆေးရုံတွင် လည်းကောင်း၊ သုံးဦးမှာ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် လည်းကောင်း ကုသမှုခံယူနေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)