ညောင်ဦး ၁၀ မေ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံးတွင် ယနေ့ နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ ပိုးသတ်ဆေးပက်ဖျန်း ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြည်တွင်းအခွန်များ ဦးစီးဌာနမှူးရုံး အဆောက်အဦအတွင်း မီးသတ်တပ်ဖွဲ့ဝင်များက လူဝင်လူထွက်များသည့် ဝင်ပေါက်၊ ထွက်ပေါက်များ၊ ရုံးအတွင်းရှိ ကြမ်းပြင်နှင့် စားပွဲများ၊ ကုလားထိုင်များ၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများ၊  ဝန်ထမ်းနားနေဆောင်များ၊ ရေအိမ်သာများနှင့် ရုံးခြံဝန်းတံခါး လက်ရန်းများမကျန် နေရာအနှံ့  ပိုးသတ်ဆေးများ စုပေါင်းပက်ဖျန်းပေးခဲ့ကြခြင်း ဖြစ်သည်။

 

ရဲဝင်းနိုင် (ညောင်ဦး)