ကလေး ၁၀  မေ

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကလေးခရိုင် ကလေးမြို့နယ်အတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ယနေ့ နံနက် ၈ နာရီက ကလေးခရိုင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ပေးအပ် လှူဒါန်းခဲ့သည်။

 

ယင်းသို့လှူဒါန်းရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့  စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလားလ်ထောင်ထန်း တို့မှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများဖြစ်ကြသော PPE(ရိုးရိုး) ၂၀ဝ စုံ၊ PPE(ခွဲခန်းသုံး) ၈၀ စုံ၊ မျက်မှန် ၂၅ လက်၊ ပိုးသတ်ဆေး(ပုံးကြီး) ၂ ပုံး၊ Mask 95  ၅၀ ခု၊ လက်အိတ် ၃၀ဝ စုံ၊Mask ၂၀ဝ၀ ခု၊ ပိုးသတ်ဆေး(ပုံးသေး) ၂ ပုံးတို့အား ခရိုင်Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများထံ ပေးအပ်ရာလှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

သန်းထိုက်အောင်(ပြန်/ဆက်)