ကော့ကရိတ်  ၁၀   မေ

 

ကရင်ပြည်နယ် ကော့ကရိတ် ခရိုင်မီးတပ်ဦးစီးဌာနမှ သဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ပြင်ဆင်လေ့ကျင့်ခြင်းကို မေ ၈ ရက် မွန်းလွဲ ၁ နာရီချိန်က အဆိုပါမီးသတ်ဦးစီးဌာနရုံးတွင်ပြုလုပ်သည်။

 

အဆိုပါ လေ့ကျင့်ပြင်ဆင်ခြင်းကို ခရိုင်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောလှထွန်းဇံ၊ စခန်းတာဝန်ခံ ဦးစောဒါယေလတို့မှ ကြီးကြပ်၍ လေ့ကျင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီးသဘာဘေးကြောင့် ဖြစ်ပေါ်တတ်သော ရေကြီးခြင်း၊ မြေပြိုခြင်း၊ လေပြင်းတိုက်ခိုက်ခြင်း၊ ယာဉ်မတော်တဆဖြစ်ပွားခြင်း စသည့်သဘာဝဘေး ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ သွားရောက်ချိတ်ဆက် ရှာဖွေကယ်ဆယ်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)