ညောင်ဦး ၁၁ မေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ယခုနှစ် မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် ချောက်ဘုရားလှ အမြဲတမ်းပျိုးဉယျာဉ်တွင် ပျိုးပင် ပေါင်း ၉၆၇၁၈ ကျော် အဆင်သင့် စိုက်ပျိုးထားရှိကြောင်းသိရသည်။
ညောင်ဦးမြို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အခြားစိမ်းလန်းစိုပြည်ရေး စိုက်ခင်း (၇၅) ဧက ၊ ကျေးရွာသုံးထင်းဧက(၅၀) ၊ ရေဝေရေလဲစိုက်ခင်း ဧက (၅၀) တို့အတွက် ပျိုးထောင်ထားရှိသည့် အပင်များမှာ ဒဟတ်ပင် (၄၈၃၆၀)၊ ယူကလစ်ပင် (၂၇၇၅၆) ပင်၊ ရှား(၁၃၃၄၈) ပင်၊ မဲဇလီ(၆၀၇၅) ပင်၊ ဝါး(၁၁၇၉) ပင် စုစုပေါင်း(၉၆၇၁၈) ပင် ပျိုးထောင်ထားရှိ ပြီးဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၊ တောခေါင်း ဦးသောင်းကြိုင်ထံမှ သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)


