ရန်ကုန် ၁၁ မေ

 

စန်းမောင်မြင့် ဒါနဥပပါရမီသွေးလှူကုသိုလ်ဖောင်ဒေးရှင်း က ကြီးမှူးပြုလုပ်မည့် (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် စနစ်တကျ စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီးဝင်းထောင့်ရှိ အမျိုးသား သွေးဌာန (အမျိုးသားသွေးလှူဘဏ်) ၌ မေလ (၂၄)ရက်  (တနင်္ဂနွေနေ့)နံနက် ၇ နာရီခွဲမှ  ၁၁ နာရီခွဲထိ ပြုလုပ်မည်ဖြစ်ပါသဖြင့် မည်သူမဆိုကြွရောက် သွေးလှူဒါန်းနိုင်ပါကြောင်း  သိရသည်။

 

သွေးလှူရှင်များအား သွေးလှူဘဏ်မှ ပုံမှန်ကျွေးမွေးထောက်ပံ့မှုများအပြင်  “စန်းမောင်မြင့် သွေးလှူ ကုသိုလ်ဖောင်ဒေးရှင်းမှ  အမှတ်တရ လက်ဆောင်များ (ခေါက်ထီး၊  ခရီးဆောင်အိတ်ငယ်၊ ငွေရတု အထိမ်းအမှတ် Waistcoat ၊လက်သန့်ဆေးရည်၊ ဝါးမီးသွေးမျက်နှာသစ်ဆပ်ပြာ၊ Mask & Medical Cap) တို့ဖြင့် ပံ့ပိုးဂုဏ်ပြုမည်ဖြစ်ပြီး သွေးလှူဒါန်းမည့်သူများ “စန်းမောင်မြင့် သွေးလှူကုသိုလ်ဖောင်ဒေးရှင်း 09 449 253 767, 09 6951355 15 ဖုန်းနံပါတ်များသို့ မေလ ၂၂ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းပါရန် မေတ္တာရပ်ခံထားကြောင်း သတင်းရရှိပါသည်။

 

(သတင်းစဉ်)