ချောင်းဆုံ ၁၁ မေ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေရှားပါသည့် ပြသနာ ကို မနှစ်ကထက် ပိုမိုရင်ဆိုင်နေရပြီး သောက်သုံးရေရှားပါးသည့် ကျေးရွာများအရောက် တစ်နေ့ ရေဂါလန် (၆၀ဝ၀) ခန့်ကို ချောင်းဆုံမြို့နယ် ရွှေမြင့်မိုရ် နာရေးကူညီမှုအသင်းက လိုက်လံဝေမျှ ပေးခဲ့ကြောင်း သိရသည်။
အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဧပြီလ ပထမအပတ် မှ စတင်၍ရေပေးဝေးခြင်းကို ဆောင်ရွက်ခဲ့ရာ ယနေ့ထိ ရေဂါလန်(၂)သိန်းခန့်ကို မျှဝေပေးနိုင်ခဲ့ကြောင်း ၊ အခြားလူမှုရေးကိစ္စ ရပ်များနှင့် ကိုဗစ်−၁၉ ရောဂါကာ ကွယ်ထိန်ချုပ်ရေးအဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း ရွှေမြင့်မိုရ် နာရေးကူညီမှု အသင်းမှ အတွင်းရေးမှူး ဦးစိုးထွန်းက ပြောသည်။
ယခင်နှစ်များကထက် သောက်သုံးရေပိုမိုရှားပါးသည့်ပြဿနာကို ပိုမိုရင်ဆိုင်နေရကြောင်း လာမည့် နှစ်များတွင် ယခုလိုသောက်သုံးရေ ရှာပါးမှုပြဿနာ မဖြစ်ရလေအောင် ဝိုင်းဝန်းကူညီထောက်ပံ့ ပေးစေလိုကြောင်း ရွာလွတ်ကျေးရွာ ဒေသခံ ဦးကျော်ဇော် ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါနေတဲ့ ပင်လယ်ကမ်းစပ်ကျေးရွာများနှင့် အခြား ကျေးရွာများကို လွှတ်တော်ကိုယ်စားလှယ်များ ၊ မြို့နယ်ဌာနဆိုင်ရာများ ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များနှင့် စေတနာရှင်များက တတ်အားသ၍ သောက်သုံးရေများကို နေ့စဉ်ကျေးရွာ များအရောက် လိုက်လံမျှဝေပေးလျှက်ရှိကြောင်း သိရသည်။
ကေအေ(ချောင်းဆုံ)


