ဘောလခဲ    ၁၁  မေ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်တွင် ခရိုင်အဆင့် Coronavirus Disease 2019 (ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်  (၂/၂၀၂၀)ကို ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် ကျင်းပသည်။

 

ရှေးဦးစွာ ခရိုင်(ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်/မြို့နယ်အဆင့် ကော်မတီဝင်များအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးလုပ်ငန်း ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်သွားကြရန်၊ မြို့အဝင်အထွက် စုပေါင်းဂိတ်တွင်ကျန်းမာရေး စစ်ဆေးမှုဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမိုအားထည့်ကာ အရှိန်မပျက် ဆောင်ရွက်သွားကြရန်နှင့် ဒေသန္တရအမိန့် ညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

 

ထိုနောက် ခရိုင်(ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်ရန် လျာထားမှုများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အသေးစိတ် တင်ပြဆွေးနွေးခဲ့ကြပြီး ခရိုင်(ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌက လိုအပ်သည်များကို အကြံပြုဖြည့်ဆည်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်ဘောလခဲ