စစ်ကိုင်း ၁၁ မေ
စစ်ကိုင်းမြို့နယ်၊ မြေတိုင်ကျေးရွာရှိ တောင်သူဦးကြီးများသည် မိမိတို့ရဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင် မေထုံနွားများ မွေးမြူ၍ နို့ထမ်းများအပ်ပြီး နွားနို့များညှစ်ကာ မိသားစုစားဝတ်နေရေး အဆင်ပြေအောင် ဆောင်ရွက်လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ မေထုံနွားများ မွေးမြူလျက်ရှိသော တောင်သူကြီးများထံသို့ မေ ၁၁ ရက် နံနက်ပိုင်းက သွားရောက် တွေ့ဆုံပြီး နွားနို့ကုန်ချောထုတ်လုပ်မှုနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ " ကျွန်တော် ဒီမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခဲ့တာ (၁၆)နှစ်ခန့်ရှိပါပြီ။ ယခင်ကဆိုရင် နွားနို့တွေကို နို့ထမ်းသမား တွေက လာယူကြတယ်။ မေထုံ နွားမတစ်ကောင်ကို တစ်နေ့ နို့ပိဿာ(၇)ပိသာခန့်ထွတ်ရှိတယ် ။ ကျွန်တော်က မေထုံနွားမ(၄)ကောင် နို့ညှစ်တာဆိုတော့ တစ်နေ့ နွားနို့အချိန် (၂၈)ပိဿာ ခန့်ရရှိတယ် အကုန်လုံး နို့ထမ်းတွေသိမ်းတယ်။ အဆင်ပြေပါတယ်။ အခုတော့ ကိုဗစ်-၁၉ ရောဂါကြောင့် နို့ထမ်းတွေ လည်း မလာတော့ဘူး။ နွားနို့ချက်စက်ရုံတွေလည်းပိတ်၊ လ္ဘက်ရည်ဆိုင်တွေဆိုလည်း ပါဆယ်နဲသာ ရောင်းရ တော့ သိပ်အဆင်မပြေကြတော့ဘူး။ အခုဆိုတစ်နေ့တစ်နေ့ ထွက်ရှိတဲ့ နွးနို့တွေကို ဈေးနှုန်း လျော့ရောင်းနေရတော့ မိသားစု စားဝတ်နေရေး အဆင်မပြေတော့ဘူး။ နွားစာဖိုးရအောင် မနည်းရောင်း နေရတယ် နောက်ဆုံးရောင်းမရရင် အိမ်မှာရှိတဲ့လူတွေအားလုံး နွားနို့ကြိုသောက်လိုက်ကြရတယ်။ ဒီရောဂါကပ်ဆိုးကြီး မြန်မြန်ပျောက် ကွယ်သွားပါစေလို့ ပဲဆုတောင်းနေရုံကလွှဲလို့ မတက်နိုင်တော့ ပါဘူး" ဟု မြေတိုင်ကျေးရွာမှ တစ်ပိုင်တစ်နိုင် နွားမွေးမြူသူ ဦးဇာနည်ဝင်းက ပြောပြ၍ သိရသည်။
စစ်ကိုင်းခရိုင်ပြန်/ဆက်


