စဉ့်ကူး  ၁၁  မေ

 

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် ပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

6624

 

ထို့သို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ လူစည်ကားရာ စဉ့်ကူးမြို့(၅)လမ်းဆုံနှင့် လက်ပန်လှ လမ်းဆုံတို့တွင် လမ်းသွားလမ်းလာများ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင် ကယ်များကို ပညာပေးခဲ့ကြပြီး နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာကြသည့် ပြည်သူများကို နှာခေါင်းစည်း (၂)ခု လျှင် ငွေကျပ်(၁၀ဝ၀)ဖြင့် ဝယ်ယူတပ်ဆင်စေပြီး မေ (၁၅)ရက် နောက်ပိုင်း စည်းကမ်းမလိုက်နာသူများကို နှာခေါင်း စည်း(၂)ခုလျှင် ငွေကျပ် (၅၀ဝ၀)ဖြင့် ဝယ်ယူတပ်ဆင် ပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် စဉ့်ကူးမြို့ရှိ ပြည်သူများအားလုံး အပြင်ထွက်သွားလာပါက နှာခေါင်းစည်းများ တပ်ဆင်၍ သွားလာကြရန် ရည်ရွယ်၍ချက်ဖြင့် ပညာပေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

မင်းဇော်ဦး(ပြန်/ဆက်)

 

2460