တီးတိန် ၁၁ မေ
ချင်းပြည်နယ် တီးတိန်မြို့ လွယ်ဘွာလ်းရပ်ကွက်၌ အားကစားနှင့် ကာယပညာဦးစီးဌာန ခွင့်ပြု ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မိုးလုံလေလုံ အားကစားရုံဆောက်လုပ်မှုအား တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှစိုးက ယနေ့နံနက် ၁၁ နာရီတွင် သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှန့်ခန့်ခွလ်က လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ သတ်မှတ်ချက်နှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားသည်။
အဆိုပါ အားကစားရုံသည် အတိုင်းအတာ (၁၂၀×၉၀×၃၆)ပေ ရှိပြီး Zomi Land Development ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေကျပ် ၂၄၇ ဒသမ ၅၀ဝ သန်းဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


