ရန်ကုန် ၁၁  မေ                  

         

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် လိုအပ်သည်များ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် PPE ဝတ်စုံနှင့် လိုအပ်သည်များ အသုံးပြုရန်အတွက် ပစ္စည်းများ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အင်းစိန်(GTI) Quarantine Center တွင် လာရောက်လှူဒါန်းခဲ့သည်။

         

လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာများသုံးစွဲနိုင်ရန်အတွက် ကျော်ခန့်ငြား(Kyaw Khant Nyar) Software Developer Incမှ PPE(ဝမ်းဆက်အစုံ)(၂၀)စုံ၊Surgical Mask (၁၀၀၀)၊ Face Shield (၁၀၀)၊ Surgical Glove (၃၀၀)၊ Sodium Hypochlori de solution(၂၅)ဂါလန် တို့ကို လာရောက် လှူဒါန်းရာ အင်းစိန်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဌ ဦးခင်မောင်ဌေး၊တိုင်းဒေသကြီး(၂)လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)