လွိုင်ကော် ၁၁ မေ
ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အသုံးပြုရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကူညီထောက်ပံ့ပေးသည့် Hand Speaker နှင့် Memory Stick များအား ယနေ့ နံနက် ၁၀ နာရီက လွိုင်ကော်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အဆင့် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက Hand Speaker နှင့် Memory Stick များ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကယားပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော Hand Speaker နှင့် Memory Stick များကို လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်မှုနှင့် စပ်လျဉ်း၍ “ကယားပြည်နယ် အစိုးရအဖွဲ့၏ ကူညီထောက်ပံ့ပေးမှုကြောင့် ရပ်ကွက်/ ရပ်ကွက်အတွင်းရှိ အုပ်ချုပ်ရေးမှူးများအား ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာများ ကျယ်ပြန့်စွာသိရှိစေနိုင်ရန် ရည်ရွယ်၍ Hand Speaker နှင့် Memory Stick များ ပေးအပ်ခြင်းဖြစ်ကြောင်း” မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြောကြားသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)