ရန်ကုန်  ၁၁  မေ

 

Coronavirus Disease 2019 (ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အလှူရှင်များက (ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊  ဆေးနှင့်ဆေး ပစ္စည်းများ  လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက  ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်း ပြည်ထောင်စုခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ အလှူရှင်များကိုယ်စား နိုင်ငံတော်နှင့်အကျိုးတူ ကျောက်စိမ်း ကျောက် မျက်တူးဖော်ရေး လုပ်ငန်းရှင်များအဖွဲ့ ကိုယ်စား ဦးနေဝင်းထွန်းက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ကျေးဇူးတင်စကား ပြောကြားသည်။

 

3

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ထံ အလှူရှင်များက အလှူငွေနှင့် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊  ဆေးနှင့် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းကြပြီး  ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ယနေ့ လှူဒါန်းပွဲ၌ အလှူရှင် (၁၂)ဦးတို့က ငွေကျပ် သိန်းပေါင်း (၂၅၉၃၀)နှင့် အမေရိကန်ဒေါ်လာ (၁၁၄၀ဝ) နှင့် ညီမျှသော (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ရန်ပုံငွေ၊  ဆေးနှင့် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းရာ  နိုင်ငံတော်နှင့်အကျိုး တူ ကျောက်စိမ်း ကျောက်မျက် တူးဖော်ရေး လုပ်ငန်းရှင်များ အဖွဲ့က ငွေကျပ်သိန်း (၂၁၀ဝ၀) နှင့် ညီမျှသော PPE ဝတ်စုံ(၅၀ဝ၀ဝ)နှင့် ဆက်စပ်ပစ္စည်း (၈)မျိုး၊ Myanmar Shwe Nagar Agricultural Group Co.,Ltdနှင့် China Merchants Group က PPE ဓာတ်ပုံ(၄၀ဝ၀)၊ မျက်မှန်(၄၀ဝ၀)နှင့် Mask (၄၅၀ဝ)၊ UPG Paint& Coating Co.,Ltd က အသက်ရှုစက် (၆)လုံး၊ ကျောက်စိမ်းတောင် ကျောက်မျက်ကုမ္ပဏီ က ငွေကျပ်သိန်း (၁၀ဝ၀)၊ Lighthouse Enterprise Limited က ငွေကျပ်သိန်း (၅၀ဝ)၊ ဒေါ်ခင်ယုံနှင့်သားသမီးမြေး တစ်စုက အသက်ရှုအထောက်အကူပြုစက် နှစ်လုံး၊ မြန်မာကလပ်(စင်ကာပူ)မှ ငွေကျပ်(၁၃၂)သိန်း၊ Telecom International Company Limited က ငွေကျပ်(၂၂၄)သိန်း၊ Geology 1979 Batch RASU ကျောင်းသားဟောင်းများမှ ကျပ်(၂၆)သိန်း၊ Advanced Synergy Co.,Ltdမှ PPE(၆၀)ခု၊ လက်အိတ်ရှည်(၆၀)၊ မျက်မှန်(၆၀)၊ ဖိနပ်(၆၀)နှင့် N95Mask (၆၀)၊ Pure White Group က ငွေကျပ်(၂၇ ဒသမ ၇၈) သိန်း နှင့် မြန်မာ အလုပ်သမား လူမှုဖူလုံရေးစင်တာ (ကိုရီးယား)မှ အမေရိကန် ဒေါ်လာ (၁၁၄၀ဝ)ဒေါ်လာ တန်ဖိုးရှိ COVID-19 RT-PCR Test Kist (၁၁၀ဝ)တို့ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

{သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)}