မန္တလေး ၁၁ မေ
ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄လမ်း၊ ၂၈x၂၉ လမ်းကြား၊ ချမ်းအေးသာစံ အနောက်ရပ်ကွက်တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
#Myanmar_Fire_Services_Department


