ညောင်လေးပင် ၁၁ မေ
ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ဇမ္ဗူအေးတောရကျောင်းတိုက် (အင်းဝိုင်း) ဆရာတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း၊ ညောင်လေးပင်မြိုနယ်၊ အင်းဝိုင်းကျေးရွာအုပ်စု အတွင်းရှိ ဆင်းရဲနွမ်းပါးသူများအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အင်းဝိုင်းကျေးရွာအုပ်စု၊ ရေကြည်ချောင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ပေးအပ်လှုဒါန်းရာတွင် ညောင်လေးပင်မြို့နယ်၊ အင်းဝိုင်းကျေးရွာအုပ်စုအတွင်းရှိ ဆင်းရဲနွမ်းပါးသူ အိမ်ထောင်စု (၃၀၄) စု၊ လူဦးရေ (၁၅၆၃) ဦးတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ကြက်သွန်နီတစ်ပိသာ၊ ကြက်သွန်ဖြူ ၅၀ သား၊ ကုလားပဲ ၅၀ သား၊ အချိုမုန့် ၁ ထုပ်၊ ကြက်/ဘဲဥ ၁၀ လုံး၊ ဆပ်ပြာတစ်ထောင့်၊ ဆပ်ပြာမှုန့် ၅ ထုပ်၊ ပစ္စည်း အမျိုးပေါင်း (၁၀) မျိုး စုစုပေါင်း ကာလတန်ဘိုးငွေကျပ် (၄၉၇၁၄၀၀) လေးဆယ့်ကိုးသိန်း ခုနှစ်သောင်း တစ်ထောင့်လေးရာ တန်ဘိုးရှိ စားသောက်ကုန်ပစ္စည်းများအား ပေးအပ်လှုဒါန်းခဲ့သည်။
ပေးအပ်လှုဒါန်းရာသို့ ဇမ္ဗူအေးတောရ အင်းဝိုင်းဆရာတော်ကြီးကိုယ်စား ညောင်လေးပင်မြို့နယ် ကြံဘိုကုန်းကျေးရွာမှ သီရိမြိုင်ဆရာတော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဝိုင်းဝန်းကူညီ လှုဒါန်းပေးခဲ့ကြကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)


