ခင်ဦး  ၁၁  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကျွဲ၊ နွားများ ရောဂါဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ဆေး ထိုးပေးခြင်းကို မေလမှစတင်ကာ ကျေးရွာများသို့ သွားရောက်ပြီး ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

 

ထိုသို့ ကျွဲ၊ နွားများအား ကာကွယ်ဆေးများထိုးနှံပေးရာတွင် မေ ၁၁ ရက်ထိ ကျေးရွာပေါင်း (၁၁) ရွာမှ ကျွဲ၊ နွား (၁၈၅၁) ကောင်ကို မြို့နယ် ဒုတိယဦးစီးမှူးများ၊ တိရိစ္ဆာန်ကျန်းမာရေးလုပ်သားများ ပူးပေါင်းပြီး ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးနှင့် ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ရာသီဥတုပူပြင်းသဖြင့် တိရစ္ဆာန်များ အပူချိန်ဒဏ်မှ ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များကိုလည်း အသိပေးပြောကြားခဲ့သည်။ 

 

ထို့ပြင် မိမိပိုင် ကျွဲ၊ နွားများကို မျိုးကောင်မျိုးသန့် သားစပ်လိုပါကလည်း မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းကို အိမ်အရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာကျော်သက်လွင်ဦး ထံမှ သိရသည်။

 

စိုးဝေအောင်(ခင်ဦး)