နေပြည်တော်  ၁၁  မေ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်း များတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ် စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်း၊ နမ္မတီးမြို့နယ်ရှိ လန်ဘရော့ယန်၊ စိန့်ပေါလ်ကက်သလစ်၊ မြို့ဦးစိန့်ဒေါမနစ်၊ ကံလှဧမာနွေလ IDP စခန်းများနှင့် ဖားကန့်မြို့နယ်ရှိ မော်ဝမ်းမူရင်း နှစ်ခြင်း၊ မော်ဝမ်းမူရင်းအေဂျီ၊ လုံးခင်းလယ်ပြင်ကုဋေ၊ လုံးခင်း ငြိမ်းချမ်းသာယာ COC ၊ လုံးခင်းငြိမ်းချမ်းသာယာ လီဆူး၊ လုံးခင်းရပ်ကွက် (၅) ကတ်သလစ်၊ လုံးခင်းမှော်စီစာနှစ်ခြင်း၊ လုံးခင်းမှော်စီစာအေဂျီ IDPစခန်း စုစုပေါင်းIDP စခန်း (၁၂) ခုသို့ အဝတ် Mask (၆၄၉၈) ခု၊  လက်သန့်ဆေးရည် (၈၅၇) ဘူး၊ ထုံးအိတ် (၄၀) ၊ အပူချိန်တိုင်း ကိရိယာ (၁၆) ခု၊ Hand Speaker (၁၂) ခု၊ ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၁၂) ခု၊ ဆပ်ပြာ (၁၁၀၁) ခဲ၊ လက်ဆေးစင် (၁၇) ခုနှင့် ဗီနိုင်း (၁၂) ခု တို့အား ထောက်ပံ့ခဲ့သည်။

 

အလားတူ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ အေးလင်းမြတ်ရှင် IDP စခန်းနှင့် မြတ်ပန်းဝတ်မှုံ IDP စခန်းသို့ သွားရောက်၍ အဝတ် Mask (၁၀၆၀၀) ခု၊ လက်သန့်ဆေးရည် (၁၇၅၀) ဘူး၊ ထုံးအိတ် (၃၀) နှင့် Hand Speaker (၂)ခု၊ ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင် ထည့်သွင်းထားသော  Memory Stick (၂) ခုတို့အား ထောက်ပံ့ခဲ့သည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ ပန်ကူ IDP စခန်းသို့ သွားရောက်၍ ထုံး (၁၀) အိတ်၊ အပူချိန်တိုင်း ကိရိယာ (၁) ခုနှင့် ဆပ်ပြာ (၁၂၇၂) ခဲတို့အား ထောက်ပံ့ပေးခဲ့သည်။

 

ထို့အတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သက်က္ကယ်ပြင်၊ မော်သီးညာ၊ အုန်းတောကြီး (မြောက်)၊ အုန်းတောကြီး (တောင်) IDP စခန်းများနှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တောင်ရပ်ကွက်၊ ရန်အောင်မြေကျောင်း၊ မြို့မရပ်ကွက်၊ လမ်းမကျောင်း၊ ဂန္ဓာရိပရဟိတကျောင်း၊ မြတောင်ဘုန်းတော်ကြီးကျောင်း၊ သေကံခွဆုံ စခန်း (၂) ခုနှင့် ဘုရားပြင် အောင်ပ တိုက်ပွဲရှောင် စခန်းများသို့ သွားရောက်၍ အဝတ် Mask (၆၃၇၁၄) ခု၊  လက်သန့်ဆေးရည် (၁၂၈၆) ဘူး၊ ထုံးအိတ် (၄၇) အိတ်၊ အပူချိန်တိုင်းကိရိယာ (၇) ခု၊  ဆပ်ပြာ (၁၁၄၉) တောင့်၊ လက်ဆေးစင် (၆) ခုနှင့် ဗီနိုင်း (၆) ခု တို့အား ထောက်ပံ့ခဲ့သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှု လုပ်ငန်းများအပြင် အသိပညာပေး လုပ်ငန်းများ၊ အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်