လွိုင်ကော် ၁၁ မေ
ကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လွိုင်ကော်မြို့နယ်ရှိ ကျေးရွာအချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ပျက်စီးခဲ့သည့် မိသားစုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါမူကလားကျေးရွာ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
လွိုင်ကော်မြို့တွင် မေ ၁၀ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခဲ့သည့် ထေးသမရပ်ကွက်၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါမူကလားကျေးရွာနှင့် နွားလဝိုးကျေးရွာအုပ်စု၊ မြေနီကုန်း ကျေးရွာများရှိ နေအိမ်(၁၇)လုံး ၊ ဘေးသင့်အိမ်ထောင်စု (၁၇)စုတို့အား အိမ်ဆောက်ပစ္စည်း ဝယ်ယူရန်အတွက် ငွေကျပ် ၁၂၇၀၀၀ဝ၊ ဆန်ရိက္ခာဝယ်ယူရန်အတွက် ငွေကျပ် ၁၆၃၈၀ဝ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၄၃၃၈၀ဝ ကို ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လေးရွှေဇင်၊ လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ အိမ်ထောင်ဦးစီးများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလေး (ပြန်/ဆက်)


