မော်လိုက်  ၁၁ မေ


     
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ စွယ်တော်ရပ်ကွက်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

“ဒီကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းများ လုပ်ဆောင်ရာ တွင် လူစုလူဝေးများ မဖြစ်ပေါ်စေရေးအတွက်ကိုလည်း နေ့၊ ည နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ရှိကြောင်း” မန်းဇေယျာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းစောမင်း က ပြောသည်။    

 

အဆိုပါ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံနှင့် ကျောက်စီတမံ အလျားပေ(၄၀ဝ) တည်ဆောက်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၂၅၀)ဖြင့် တင်ဒါအောင်သည့် မန်းဇေယျာဆောက်လုပ်ရေးကုမ္ပဏီမှ ဖေဖော်ဝါရီလ ဒုတိယပတ်မှ လုပ်ငန်းများစတင်ဆောက်ရွက်ခဲ့ပြီး  မေလကုန်တွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

မော်လိုက်သားလေး