စေတုတ္တရာ   ၁၁  မေ      

 

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် လမ်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအနေဖြင့် မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် မြေသားလမ်း တာဘောင်ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


        
စေတုတ္တရာမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ပဒါန်း-ငဖဲ-စေတုတ္တရာလမ်း(ယာဘက်) ပေ ၂၀၀ အရှည်နှင့် ပဒါန်း-ငဖဲ-စေတုတ္တရာ လမ်း(ဝဲဘက်) ပေ ၁၅၀ အရှည်တို့အား  မကွေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်သန်း (၃၅၀)ဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မြေသားလမ်း တာဘောင်ချဲ့ခြင်းလုပ်ငန်း ပဒါန်း-ငဖဲ- စေတုတ္တရာ လမ်း(၄/၄)မိုင်အား (၃၄)ပေအကျယ် လမ်းတာဘောင်ရရှိစေရန် (၁)ပေ(၃)လက်မထု မြေသားတာဘောင် လမ်းချဲ့ခြင်းနှင့် စလင်း-စေတုတ္တရာလမ်း (၃/၅)မိုင် (၃၄)ပေအကျယ် လမ်းတာဘောင် ရရှိစေရန် (၉)လက်မထု မြေသားတာဘောင် လမ်းချဲ့ခြင်းတို့အား မကွေးတိုင်း ဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၅၅)သန်းဖြင့်လည်းကောင်း မတ်လမှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး (၅၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်စွာဝင်းထံမှ  သိရသည်။

 

ခင်သန်းလှိုင်(ပြန်/ဆက်)