ပုဗ္ဗသီရိ  ၁၂   မေ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မေ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃၉ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် ပုဇွန်ဆိပ်ကျေးရွာတွင် လူနေအိမ် ၉ လုံး၊ ကန်ဇွန်းအင်းကျေးရွာတွင် လူနေအိမ် ၈ လုံး၊ သရက်ပင်ကျေးရွာတွင် လူနေအိမ် ၂၂ လုံး စုစုပေါင်းလူနေအိမ် ၃၉ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သောကျေးရွာများသို့ သက်ဆိုင်ရာတာဝန်ရှိသူတို့က ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ကံချွန်(ပြန်/ဆက်)