အိမ်မဲ   ၁၂   မေ

ဧရာဝတီတိုင်း​ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အ.ထ.က(၁)ကျောင်း Facility Quarantine Camp တွင် ထားရှိမည့် တရုတ်နိုင်ငံ ဝမ်တိန်မြို့မှပြန်လာမည့် နေရပ်ပြန်(၆)ဦးအား မြို့နယ်ကျန်းမာရေး အထောက်အကူပြုကော်မတီက တာဝန်ရှိသူများက ရန်ကုန်ဘူတာကြီး၌ သွားရောက် ခေါ်ဆောင်ရာ ရထားစိုက်ရောက်ချိန်တွင် ပါလာခြင်းမရှိဘဲ တိမ်းရှောင်သွားရာ ဧရာဝတီတိုင်း​ဒေသကြီး မယ်ဇလီစစ်ဆေးရေးဂိတ်၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ(၆)ဦးမှာ အိမ်မဲမြိုနယ် ကွင်းယားတံခွန်တိုင်အုပ်စုမှ ဦးသိန်းလှိုင်၊ ဦးသိန်းဇော်၊ ဦးအောင်ကျော်မင်း၊ ဦးကျော်နိုင်၊ ဦးဝေလင်းထက်၊ ဦးရန်ပိုင်ထွေးတို့ဖြစ်ကြပြီး အဆိုပါနေရပ်ပြန်များမှာ အိမ်မဲမြို့ အ.ထ.က(၁)Facility Quarantine Camp တွင် ၂၁ ရက်နေရမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)