ချီဖွေ ၁၂ မေ

 

ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ချီဖွေမြို့နယ် မြိုမရဲစခန်းမှ ဒုရဲအုပ် နိုင်ထွန်းဦးနှင့်အဖွဲ့သည် မေ ၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် လှည့်ကင်းတာဝန်များဆောင်ရွက်နေစဉ် ချီဖွေမြို့နယ် စည်ပင်သာယာဈေးလမ်းဆုံအနီး၌ ချီဖွေမြို့နယ် ရစ်လောခေါင်ရပ်ကွက် နေထိုင်သူ ဦးခေါဆောင်အား တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ ပြင်ပသို့ရောက်ရှိသည့် အကြောင်းအရင်းအား ခိုင်လုံသည့် အထောက်အထားတစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်း မရှိသည်ကို သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မည်သူမဆိုနေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီထိ နေအိမ်ပြင်ပသို့ ခွက်ခွာခြင်းနှင့် စုဝေးခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားသော ဒေသန္တရအမိန့် (၂/၂၀၂၀) အား လိုက်နာမှုမရှိသည့် ဦးခေါဆောင်အား ချီဖွေမြို့နယ်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ မေ ၈ ရက်နေ့တွင် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ကြောင်းသိရှိရသည်။

 

နန်းမြင့်(ပြန်/ဆက်)