မြစ်ကြီးနား ၁၂ မေ

 

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စားဝတ်နေရေးအခက်အခဲများစွာနှင့် ကြုံတွေ့နေရ သောပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ကုမ္ပဏီလုပ်ငန်းရှင်များက အခြေခံ စားသောက်ကုန်(၅)မျိုးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေအိုက်ရပ်ကွက်ရှိ ဦးကျော်အေး နေအိမ်၌ ယနေ့နံနက် ၇ နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထောက်ပံ့ပေးအပ်ရာတွင် သော်သဇင်ကုမ္ပဏီ၊ ထွန်းနေဝန်းသစ္စာနှင့် ဂျိန်းဖေါလငိုင်း ကုမ္ပဏီမိသားစုတို့မှ အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သော ဆန်(၈) ပြည်၊ ဆီ(၁)ပိဿာ၊ ဆား(၁)ထုပ်၊ ဆပ်ပြာမုန့်(၁)ထုပ်နှင့် ငါးသေတ္တာ(၁)ဘူး စသည်တို့ကို ရွှေအိုက်ရပ်ကွက် နယ်မြေ(၁)၊ (၂)နှင့် (၃)ရှိ အိမ်ထောင်စု(၃၀ဝ)စုတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပီတာခွန်နောင်နှင့် ရပ်မိ/ရပ်ဖများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)