စေတုတ္တရာ ၁၂ မေ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ စီးပွားရေး ကျွန်းစိုက်ပျိုးရန်အတွက် ကျွန်းပျိုးပင်ပေါင်း ၁၉၄၄၀၀ ပင်ပျိုးထောင်ထားရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်သစ်တောဦးစီးဌာနမှ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ဆောက်ရေး စီမံကိန်း (MRRP) စီးပွားရေးကျွန်းစိုက်ပျိုးနိုင်ရန်အတွက် (၁/၂၀၂၀) ထီးချောင်း ကြိုးဝိုင်းအကွက်အမှတ်(၂၉) စီးပွားရေး ကျွန်းစိုက်ခင်း(၁၅၀)ဧကတွင် စိုက်ပျိုးရန်အတွက် လုံးဇွန်ကျေးရွာ ပျိုးဥယာဉ်၌ ပျိုးပင်ပေါင်း (၉၇၂၀၀)ပင်နှင့် (၂/၂၀၂၀) ဆီမီးကြိုးဝိုင်း အကွက်အမှတ်(၉၅) စီးပွားရေးကျွန်းစိုက်ခင်း ၁၅၀ ဧကတွင် စိုက်ပျိုးရန်အတွက် အောက်ဝေါကျေးရွာ အနောက်ဘက် ဇင်ပြွန်းချောင်းဘေးရှိ ပျိုးဥယာဉ်၌ ပျိုးပင်ပေါင်း (၉၇၂၀၀)ပင် သစ်တောကြိုးဝိုင်းစိုက်ခင်း စုစုပေါင်း ဧက (၃၀၀)အတွက် ကျွန်းပျိုးပင်စုစုပေါင်း (၁၉၄၄၀၀) ပင် ပျိုးထောင်ထားရှိကြောင်း စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးငွေစိုးထံမှ သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)


