သာစည်   ၁၂   မေ

 

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် မေ ၁၁ ညနေပိုင်းက  မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု ၄ ခု၌ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှ ကျောင်းဝင်းအုတ်တံတိုင်း ပြိုကျခြင်းနှင့် လူနေအိမ် ၁၈ လုံး အမိုးလန်ပျက်စီးပြီး သစ်ပင်များလဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မဲတောကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းဝင်း အုတ်တံတိုင်း ၄ ခန်း ပြိုကျပျက်စီးပြီး လူနေအိမ် ၃ လုံး အမိုးလန်ပျက်စီးပြီး ပေါက်တောကျေးရွာတွင် လူနေအိမ် ၂ လုံး၊ သမန်းကန်ကျေးရွာတွင် လူနေအိမ် ၂ လုံး၊ ကြာကန်ကျေးရွာတွင် လူနေအိမ် ၈ လုံးနှင့် ဇီးတောကျေးရွာတွင် လူနေအိမ် ၃ လုံးတို့ အမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်း(သာစည်)