ရန်ကုန် ၁၂ မေ

 

မင်္ဂလာဒုံမြို့နယ်တွင် ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာသဖြင့် အိမ်တိုင်းအိမ်တိုင်းရှိ ရေတွင်းများတွင် ရေခန်းခြောက်၍ ရေအလုံအလောက် မရရှိသဖြင့် တပ်မတော်မှ ရေမရရှိသည့် ရပ်ကွက်များသို့ ယနေ့ နံနက် ၁၀ နာရီမှစတင်၍ မင်္ဂလာဒုံမြို့နယ်၊ ကြူစမ်းရွာသစ်ရပ်ကွက်၊ ဝါယာလက်ရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်ရှိ နေအိမ်များသို့ ရေများပေးဝေလျက်ရှိကြောင်း သိရသည်။

 

မင်္ဂလာဒုံမြို့နယ်တွင် (၂၁)ရပ်ကွက်ရှိရာ ရေလိုအပ်နေသည့် ရပ်ကွက်များသို့ ရေများကို အလှည့်ကျ ပေးဝေမည်ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

 

မျိုးသန့်(ပြန်/ဆက်)