နေပြည်တော် ၁၂ မေ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် မျိုးစေ့မျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးရေး သမဝါယမအသင်း (၃)သင်းအား ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ရွှေရောင်သစ်မျိုးစေ့မျိုးသန့်ထုတ်လုပ် ဖြန့်ဖြူးရေးသမဝါယမအသင်းမှ အသင်းသားများပိုင် လယ်ယာမြေ (၁၀)ဧကတွင် နွေနှမ်း (ဆင်းရတနာ - ၄) အားလည်းကောင်း၊ ပြည့်ဖြိုးလျှံမျိုးစေ့မျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးရေးသမဝါယမအသင်းမှ အသင်းသားများပိုင် လယ်ယာမြေ (၁၀)ဧကတွင် ပဲတီစိမ်း (ရေဆင်း - ၁၄)အားလည်းကောင်း နွေသီးနှံအဖြစ် စိုက်ပျိုးထားလျက်ရှိသည်။
ထိုသို့ စိုက်ပျိုးနိုင်ရန် သမဝါယမဦးစီးဌာနမှ မျိုးစေ့မျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးရေးသမဝါယမ အသင်းများအား သီးနှံစတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေများအား တစ်ဧကလျှင် (၃၀ဝ,ဝ၀ဝိ/-)နှုန်းဖြင့် ပံ့ပိုးပေးလျက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာများ ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်မျိုး


