နေပြည်တော် ၁၂ မေ
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အသင်းသားပြည်သူများ ဈေးနှုန်း မှန်ကန်စွာ ပုံမှန်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားကုန်များ၊ လူသုံး၊ အိမ်သုံး ပစ္စည်းများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်များက ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိသည်။
အဆိုပါသမဝါယမအသင်းအရောင်းဆိုင်များမှ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက မေ ၉ ရက်တွင် ရေဦးမြို့နယ် အောင်ဆန်းရောင်းဝယ်ရေး သမဝါယမအသင်းသို့လည်းကောင်း၊ ဘုတလင်မြို့နယ် စေတနာလယ်/ထွေ သမဝါယမအသင်းသို့လည်းကောင်း သွားရောက်ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ဈေးနှုန်းမှန်ကန် စွာ ပုံမှန်ဈေးနှုန်းဖြင့်ရောင်းချနိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်မျိုး


