ကျိုက်ဒုံ ၁၂ မေ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မေ ၁၁ ရက် ညနေ ၆ နာရီခွဲက မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်သဖြင့် နေအိမ် နှစ်လုံး ပျက်စီးခဲ့သည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျ၍ ဝင်းလုံကျေးရွာအုပ်စု ကော့ဝါးကလေ့ကျေးရွာနေ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးအိမ် နှစ်လုံး ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သတင်းရရှိသည်။

 

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်