နေပြည်တော် ၁၂ မေ
သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် မီးသတ်ယာဉ်များ၊ မီးသတ်ပစ္စည်း ကိရိယာများဖြင့် ဆောင်ရွက်ခဲ့ရာ မေ ၁ ရက်က မြို့နယ် ၇၃ မြို့နယ်ရှိ နေရာ ၁၆၈ နေရာများတွင် ပိုးသတ်ဆေးရည် ၁၆၅ ဂါလန်၊ ပိုးသတ်ဆေးမှုန့် ၁၉ ကီလိုဂရမ်၊ ရေ ၁၁၀၄၀ ဂါလန်သုံးစွဲ၍ လည်းကောင်း၊ မေ ၂ ရက်က မြို့နယ် ၇၅ မြို့နယ်ရှိ နေရာ ၁၅၈ နေရာများတွင် ပိုးသတ်ဆေးရည် ဂါလန် ၂၈၁ ဂါလန်၊ ပိုးသတ်ဆေးမှုန့် ၂၄ ကီလိုဂရမ်၊ ရေဂါလန် ၁၈၃၀၀ ဂါလန်သုံးစွဲ၍လည်းကောင်း။
မေ ၃ ရက်က မြို့နယ် ၇၂ မြို့နယ်ရှိ နေရာ ၁၄၉ နေရာများတွင် ပိုးသတ်ဆေးရည် ၁၇၃ ဂါလန်၊ ပိုးသတ်ဆေးမှုန့် ၂၄ ကီလိုဂရမ်၊ ရေ ၁၁၈၂၀ ဂါလန်သုံးစွဲ၍လည်းကောင်း၊ မေ ၄ ရက်က မြို့နယ် ၅၇ မြို့နယ်ရှိ နေရာ ၁၄၀ နေရာများတွင် ပိုးသတ်ဆေးရည် ၁၀၇ ဂါလန်၊ ပိုးသတ်ဆေးမှုန့် ၃၄ ကီလိုဂရမ်၊ ရေ ၈၄၆၀ ဂါလန် သုံးစွဲ၍လည်းကောင်း၊ မေ ၅ ရက်က မြို့နယ် ၆၂ မြို့နယ်ရှိ နေရာ ၁၂၁ နေရာများတွင် ပိုးသတ်ဆေးရည် ၁၃၄ ဂါလန်၊ ပိုးသတ်ဆေးမှုန့် ၃၃ ကီလိုဂရမ်၊ ရေ ၁၀၀၂၀ ဂါလန် သုံးစွဲ၍လည်းကောင်း ဆောင်ရွက်ခဲ့ရာ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်


