ပြည်ကြီးတံခွန် ၁၂ မေ

 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မေ ၁၁ ရက် မွန်းလွဲပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် အဆောက်အဦ အမိုးလန်ခြင်း၊ သစ်ပင်လဲကျခြင်း၊ ဓာတ်တိုင်လဲကျခြင်းနှင့် အခြားပျက်စီးဆုံးရှုံးမှုများကြောင့် စုစုပေါင်းတန်ဖိုး ကျပ်သန်းပေါင်း ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ပျက်စီးဆုံးရှုံးမှုများမှာ (က)ရပ်ကွက်တွင် ဂိုဒေါင်အမိုးလန်ခြင်းနှင့် ကား(၄)စီးမှန်ပျက်စီးခြင်း၊ (ခ)ရပ်ကွက်ဓါတ်တိုင်လဲကျခြင်း၊ (ဂ)ရပ်ကွက်တွင် မီနီအိုးဝေပေါ်သို့ ဓါတ်တိုင်လဲကျခြင်း၊ (ဃ)ရပ်ကွက်တွင် ပြန်/ဆက်ရုံး အမိုးလန်ခြင်း၊ (င)ရပ်ကွက်တွင် ရပ်ကွက်ရုံး ဆိုင်းဘုတ်နှင့် တံခါးများပျက်စီးခြင်း၊ ငွေတော်ကြည်ကုန်းရပ်ကွက်တွင် ဆောက်လုပ်ဆဲ အဆောက်အဦ အမိုးလန်ခြင်းနှင့် ဓါတ်တိုင်လဲကျခြင်း၊ တံခွန်တိုင်ရပ်ကွက်နှင့် သင်ပန်းကုန်းရပ်ကွက်တွင် နေအိမ်ပေါ်သစ်ပင်လဲကျခြင်းများနှင့် အခြားပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၃၀ ကျော်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

မေ ၁၁ ရက်က မွန်းလွဲပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးမြို့ရှိ မြို့နယ်အသီးသီးတွင် အဆောက်အဦအမိုးလန်ခြင်း၊ နေအိမ်များပေါ်သို့ သစ်ပင်လဲကျခြင်း၊ လျှပ်စစ်မီးတိုင်များ လဲကျခြင်းနှင့် အခြားပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)