▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

 

၁။ (၁၂-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၉၄) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၀၃) ခု၊ စုစုပေါင်း (၁၉၇)ခုတွင် -

 

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

 

၂။ (၁၂-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၀) ဦးရှိပြီဖြစ်ပါသည်။

 

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်းများ၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၂) ဦး (Case - 82 နှင့် 102) ရှိသဖြင့် (၁၂-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၇၆) ဦး ရှိပါသည်။ ၎င်းတို့အနက် (၆၄)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါ သည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၁၁-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၂-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၇) ဦး ရှိပါသည်။

 

Crd > Ministry of Health and Sports, Myanmar