နေပြည်တော် မေ ၁၃

 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကုလားဘာကျေးရွာ အနီး ရန်ကုန်-ကျောက်ဖြူသွားကားလမ်း မိုင်တိုင်အမှတ် (၁၀၈/၁၀၉) အကြား ကားလမ်း၏တောင်ဘက် ပေ ၁၀၀ ခန့်အကွာရှိ PSC စက်ယန္တရားကုမ္ပဏီပိုင် အဆောက်အအုံ အား AA အကြမ်းဖက်သောင်းကျန်းသူများက မေ ၈ ရက် ညပိုင်းတွင် မိုင်းဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ် မင်းပြင်ရဲစခန်းသို့ ၎င်းအဆောက်အအုံ၏ အစောင့်ဖြစ်သူ ဦးဌေးမြင့် က မေ ၈ ရက် ည ၉ နာရီခွဲခန့်တွင် ဖုန်းဆက်အကြောင်းကြားလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ PSC စက်ယန္တရားကုမ္ပဏီပိုင် အဆောက်အအုံ၏ ရှေ့မျက်နှာ စာ ညာဘက်အခြမ်းတွင် ကာထားသည့်အထပ်သားများ၊ ပြတင်းပေါက်မှန်များ ပေါက်ကွဲပျက်စီးနေသည်ကို တွေ့ရှိရ ပြီး အနီးဝန်းကျင်တစ်ဝိုက်မှ ပါဝါဓာတ်ခဲအပြာရောင် နှစ်လုံး၊ Dianwei ဓာတ်ခဲအနီရောင် တစ်လုံးနှင့် ကွန်ကျူး ပိုက်အပိုင်းအစများအား တွေ့ရှိခဲ့ကြောင်း။

 

အဆိုပါ PSC စက်ယန္တရားကုမ္ပဏီပိုင်အဆောက်အအုံ ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဖြစ်ကြောင်းနှင့် လက်ရှိတွင် လူနေထိုင်ခြင်းမရှိကြောင်း။

 

အလားတူ ချင်းပြည်နယ် ပလက်ဝမြို့၏အနောက် ဘက် မီတာ ၃၀၀ ခန့်အကွာ တောင်ကုန်းပေါ်ရှိမြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်သံထပ်ဆင့်လွှင့် တာဝါတိုင်အား မေ ၇ ရက်ည ၁၀ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်း သူများက ဖြိုချဖျက်ဆီးသွားခဲ့ကြောင်း။

 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးပျက် ပြားစေရန်ရည်ရွယ်၍ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ယခုကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများ၏ အဆောက်အအုံ၊ ပစ္စည်းများကိုပါ အကြောင်းမဲ့နှောင့်ယှက် ဖျက်ဆီးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်