ဆိပ်ဖြူ   ၁၃  မေ

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မေလ ၁၁ ရက်က  လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ (၅)ရွာမှ လူနေအိမ်များ အမိုးလန်ပျက်စီးခြင်းဖြစ်ပွားခဲ့သည့် အတွက် မေ ၁၂ ရက် ညနေ ၄ နာရီခွဲက  အဆိုပါ ကျေးရွာများသို့ သွားရောက်၍ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။  

 

03

 

လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ  လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခဲ့သည့် တက်မ ကျေးရွာ ၊ ကမ္ဘာနီကျေးရွာ ၊အနောက်ကမ်းဖြူကျေးရွာ ၊တပေါင်းကျေးရွာနှင့် ဘဲကျကျေးရွာတို့မှ လူနေအိမ် (၆၄) လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် ၂၅၂၀ဝ၀ဝ၊ လူဦးရေ (၂၉၈) ဦးအတွက်  ဆန်ရိက္ခာဖိုးငွေကျပ် ၆၁၅၃၀ဝ ၊စုစုပေါင်းထောက်ပံ့ငွေ ကျပ်  ၃၁၃၅၃၀ဝ အား ထောက်ပံ့ပေးခဲ့သည်။

 

အဆိုပါ ထောက်ပံ့ငွေများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်မွန်အေး၊ မြို့နယ်  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့မှ တာဝန်ရှိ သူများက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ  လေပြင်းတိုက်ခတ်မှုဒဏ်ခံစားခဲ့ရသည့် အိမ်ထောင်စုများထံ သွားရောက်ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က လက်ရှိ ကာလသည် ရာသီဥတု အပူချိန်မြင့်မားလျှက်ရှိပြီး  ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ဒေသခံပြည်သူများ  ကာကွယ်နိုင်စေရန်စေရန်နှင့် ကိုရိုနာ ဗိုင်းရပ်(စ်) (ကိုဗစ်-၁၉) ရောဂါ ကြိုတင် ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပေးခဲ့ကြောင်း သိရှိရသည်။

 

 

စိုးလင်းနိုင်(IPRD)

 

3358