အထက်မင်းလှ  ၁၃   မေ  

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်တွင် ဧရာဝတီတံတား မလွန်_ကန်တုတ်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သည့် ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီက မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

2299

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်းက အမှာစကား ပြောကြားပြီး မင်းလှမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးခင်မောင်ဝင်းက ဧရာဝတီတံတား မလွန်-ကန်တုတ်လမ်း ဖောက်လုပ်ရာတွင်ပါဝင်ခဲ့သည့် ပေတောကျေးရွာအုပ်စု ပေတောကျေးရွာမှ တောင်သူ(၇)ဦးအား ယာမြေလျော်ကြေးငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ယာမြေလျော်ကြေးငွေပေးအပ်ပွဲကို ကျင်းပရာ ဧရာဝတီတံတား မလွန်-ကန်တုတ်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သည့် တောင်သူ(၇)ဦး၏ ယာမြေဧကပေါင်း (၇.၆၀)ဧကအတွက် လျော်ကြေးငွေကျပ် (၁၀.၆၄)သန်းအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဌာနဆိုင်ရာများက တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်းသိရသည်။

 

ဇာဇာ(အထက်မင်းလှ)