ကျိုက်မရော ၁၃ မေ
ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရန် ရည် ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန၏ ၂၀၁၉ - ၂၀၂၀ ခုဘဏ္ဍာရေး နှစ်တွင် ကျေးရွာ ( ၁ ) ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ( VDP ) ရန်ပုံငွေကျပ်သိန်း(၁၀ဝ) စီဖြင့် စုစုပေါင်းငွေကျပ် သိန်း(၂၂၀ဝ)ဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၂)ရွာ တို့တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယခုနှစ်မိုးမကျမီ အပြီးဆောင်ရွက် ပေးသွားမည်ဟု မြို့နယ်ဉီးစီးမှူး ဦးမင်းသန်းဇော်ထွန်း၏ ပြောပြချက်အရ သိရသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာ ( ၂၂ ) ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ် သည့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ( ၁၅ ) ခု ၊ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း ( ၂ ) ခု ၊ ဂဝံ ခင်းခြင်း လုပ်ငန်း (၁) ခု ၊ ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ( ၂ ) ခု ၊ မြေသားလမ်း ( ၁ ) ခု ၊ ကွန်ကရစ်တံတား ( ၁ )စင်း၊ စုစုပေါင်း လုပ်ငန်း ( ၂၂ ) ခုတို့ကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေစုစုပေါင်းငွေကျပ်သိန်း (၂၂၀ဝ)ဖြင့် ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြို့တိုးတက်ရေး ဉီးစီးဌာနမှ ကြီးကြပ်၍ ယင်းကျေးရွာနေ ပြည်သူများ၏ လုပ်အားဖြင့် ၂၀၂၀ ခုနှစ် ဧပြီလ ပထမ အပတ်မှ လုပ်ငန်းများ စတင်ဆောင်ရွက်လျှက်ရှိပြီး ဇွန်လကုန်တွင် လုပ်ငန်းများအားလုံး (၁၀ဝ) ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေသည့် ကျေးရွာကြီးကြပ်မှု ကော်မတီဝင်များကို မေ ၁၂ ရက်နံနက် ၁၀ နာရီအချိန်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နှင့် တာဝန်ရှိသူများက ကျိုက်မရော မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အရည်အသွေး ပြည့်မီစေရေး၊ သတ်မှတ်ချိန်အတွင်း လုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေးတို့အတွက် လိုအပ်သည်များ မှာကြားခဲ့သည်။
ကျိုက်မရောမြို့နယ် အတွင်းရှိကျေးရွာများ၌ ဖွံ့ဖြိုးရေးလုပ်များကို၂၀၁၅ - ၂၀၁၆ ခု ဘဏ္ဍာ ရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန် ပုံငွေနှင့် ကျေးရွာနေ ပြည်သူများ ထည့်ဝင်ငွေဖြင့် ၄ နှစ်တွင် ငွေကျပ် (၂၇) သိန်းဖြင့် ကျေး ရွာ (၅) ရွာတွင် လည်းကောင်း ၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၄၆၇) သိန်းဖြင့် ကျေးရွာ ( ၇ ) ရွာတွင် လည်ကောင်း ၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် ငွေကျပ် ( ၉၂၉ ) သိန်း ဖြင့် ကျေးရွာ ( ၆ ) ရွာတွင် လည်ကောင်း ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၂၁၉၃) သိန်းဖြင့် ကျေးရွာ ( ၁၅ ) ရွာတို့တွင်လည်း ကောင်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ရာ ကျေးရွာပေါင်း (၃၃)ရွာတို့ရှိ အိမ်ခြေ( ၁၀၃၃၃ )အိမ်၊ လူဉီးရေ(၆၄၀ဝ၁)ဉီး တို့အား ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်သည့်အပြင် ကျေးရွာနေပြည်သူများ၏ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများအ တွက် များစွာအထောက်အကူပြုနေပြီးဖြစ်ကြောင်း မြို့နယ်ဉီးစီးမှူးဦးမင်းသန်းဇော်ထွန်းထံမှ သိရသည်။
မြင့်ဉီး(မြိတ်)


