နမ့်ဆန်   ၁၃   မေ

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လည် ရောက်ရှိလာသည့် နေရပ်ပြန်ပြည်သူများအား Facility Quarantine Centre ၌ ထားရှိရာတွင် နေထိုင်စားသောက်ရေး၊ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးအတွက် ယမန်နေ့ကဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းကျော်နှင့် ဒေသတာဝန်ရှိသူများတို့က သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

 

639

 

မေ ၁၁ ရက်နေ့ ညနေက တရုတ်ပြည် ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာသည့် နမ့်ဆန်ဒေသခံ နေရပ်ပြန် ပြည်သူ ၅၂ ဦးကို နတလ လူငယ်သင်တန်းကျောင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဘော်ဒါဆောင်တို့တွင် ထားရှိပြီး စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများ၏ နေထိုင်စားသောက်မှုများ၊ ကျန်းမာရေး အခြေအနေများနှင့် Quarantine Centre တွင် လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် တာဝန်ယူထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများတို့အား လိုအပ်ချက်များရှိပါက ဒေသဦးစီးအဖွဲ့နှင့် ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)