မယ်စဲ့ ၁၃ မေ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မေ ၁၁ ရက် ညနေ ၄ နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပန်တိန်းကျေးရွာနှင့် နမ့်မန်းကျေးရွာတို့တွင် လူနေအိမ် ၄ လုံး အမိုးလန် ပျက်စီးခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မေ ၁၂ ရက်မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပန်တိန်းကျေးရွာနှင့် နမ့်မန်းကျေးရွာတို့မှ နေအိမ် ၄ လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ ကျပ် ၂၆၄၀ဝ၀ နှင့် ဆန်ရိက္ခာတန်ဖိုးငွေ ကျပ် ၃၁၅၀ဝ စုစုပေါင်းငွေကျပ် ၂၉၅၅၀ဝ ကို ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ မယ်စဲ့မြို့နယ်အုပ် ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်း စာရေးဦးဇော်မြင့်ဦးနှင့်အဖွဲ့က လေဘေးသင့်နေအိမ်များသို့ သွားရောက်ထောက်ပံ့ခဲ့သည်။
စိုင်းလျှမ်း(ပြန်/ဆက်)


