မောက်မယ်  ၁၃   မေ

 

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်  မောက်မယ်မြို့နယ်  ကဒူးကြီးကျေးရွာအုပ်စုနှင့် ဟိုနမ့်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ မေလ(၁၀)ရက်နေ့နှင့်(၁၁)ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့်  အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်များအား  ယမန်နေ့ နံနက်ပိုင်းက လင်းခေးခရိုင် သဘာဝ ဘေးစီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးနိုးဝေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝ ဘေးစီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ နှင့်အဖွဲ့ဝင်များ ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဟန်သိန်းဦးတို့က လေဘေးသင့်ပြည်သူများအား အိမ်တိုင် ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

65589

 

လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်များအား    ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လေဘေးသင့်အိမ်ထောင်စု(၂၀)အတွက်ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း တန်ဖိုးထောက်ပံ့ငွေကျပ် ၁၇၂ဝဝဝဝ ၊ ဆန်ရိက္ခာတန်ဖိုး ထောက်ပံ့ငွေ ကျပ်  ၂၀၅၈ဝဝ ၊  စုစုပေါင်း တန်ဖိုး ၁၉၂၅၈ဝဝ ၊  ခရိုင်အဆင့် ဌာနဆိုင်ရာများမှ အိမ်ထောင်စုတစ်စုလျှင် ၃၀ဝ၀ဝ ကျပ်နှုန်းဖြင့် စုစုပေါင်း ၆၀ဝ၀ဝဝကျပ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ထောက်ပံ့သည့် အိမ်ထောင်စုတစ်စုလျင် (ဆီ ၊ ဆား ၊ ငရုတ် ၊ အချိုမှုန့် )များနှင့် မြို့နယ်ကြက်ခြေနီအသင်းမှ အိမ်ထောင်စုတစ်စုလျှင် မိုးကာ (၁)ချပ်နှုန်းဖြင့် စုစုပေါင်းအချပ် (၂၀) အား လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

 စိုင်းမျိုးသန့်( မောက်မယ်)

 

741