ပုဗ္ဗသီရိ  ၁၃  မေ

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သန့်ရှင်းသာယာမှုရှိစေရန်အတွက် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာတွင် ခေတ္တာဈေးသစ်ကို ယနေ့နံနက်ပိုင်းက စတင်၍ ဖွင့်လှစ်ရောင်းချခဲ့သည်။

 

963258

 

ထိုသို့ဖွင့်လှစ်ရောင်းချရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ချမှတ်ထားသည့် စည်းကမ်းများ နှင့်အညီ စနစ်တကျ ရောင်းချမှုရှိစေရေး မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်အောင်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးထွန်းဦးနှင့် တာဝန်ရှိသူတို့က လိုက်လံစစ်ဆေးခဲ့သည်။ ယခင်ညောင်ပင်ကြီးစု ကျေးရွာတွင်းဈေးနှင့် အောင်သုခကျေးရွာတွင်းဈေးမှ အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်စသည့် စားသောက်ကုန်များ ရောင်းချလျက် ရှိသည့်ဈေးသည်များအား ခေတ္တာဈေးသစ်သို့ ယနေ့နံနက်ပိုင်းက စတင်၍ ပြောင်းရွှေ့ရောင်းချစေခဲ့သည်။

 

 

အဆိုပါ ခေတ္တာဈေးသစ်တွင် ရောင်းချမည့်ဈေးသည်များအား နေရာသတ်မှတ်၍ ရောင်းချစေရာ စုစုပေါင်း ၄၃၂ နေရာကိုသတ်မှတ်ပေးထားပြီး ယခင်ကျေးရွာတွင်းဈေးများရှိ ဆေးဆိုင်များ၊ အထည်ဆိုင် များနှင့် အိမ်ဆိုင်များကို ကျေးရွာတွင်းဈေးများတွင်သာ ဆက်လက်ရောင်းချစေမည်ဖြစ်ကြောင်း သိရသည်။

 

ကံချွန်(ပြန်/ဆက်)