ဝါးခယ်မ ၁၃ မေ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များအတွင်း မိုးတွင်းကာလမတိုင်မီ ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ပတ္တမြား ရပ်ကွက်၌ ပြလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပတ္တမြား ရပ်ကွက်အတွင်းရှိ မြူရုံးလမ်း ဝဲ/ယာ၊ ဘုရားကြီးလမ်း ဝဲ/ယာ၊ နီလာလမ်း ဝဲ/ယာ၊ ကမ်းနားလမ်း ဝဲ/ယာ များမှ အဓိက ရေထွက်ပေါက်များ၊ ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်များ၊ နုန်းများ၊ ရေးဆိုးများကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆယ်ယူရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
အလားတူပင် ကျန်ရှိသော ရပ်ကွက်များ၌ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးနှင့် စည်ပင်သာယာရေး ကော်မတီဝင်များက ကြီးကြပ်ပြီး မိုးတွင်းကာလမတိုင်မီ အပြီးသတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


