လှိုင်းဘွဲ   ၁၃   မေ

 

မိုးဦးကျရာသီ ရောက်ရှိလာပြီးဖြစ်သဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသအတွင်းရှိ နေအိမ်များအား တစ်အိမ်တက်/ဆင်း ပိုးလောက်လန်းများ ရှားဖွေစစ်ဆေးခြင်းများကို  ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခြင်သန္ဓေသားလောင်းများဖြစ်သည့် ပိုးလောက်လန်းများ မျိုးပွားရှင်သန်မှု မရှိစေရန် ရည်ရွယ်၍ ဘုရားညောင်ရေအိုးများ၊ ရေတွင်းရေကန်များ၊ ရေနုတ်မြောင်းများ စသည့်နေရာများကို အဓိကထား ရှာဖွေစစ်ဆေးပေးခဲ့သည်။

 

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ပိုးလောက်လန်းများ ရှာဖွေခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ဆောင်ရွက်ရာတွင် မြိုင်ကြီးငူကျေးလက်ကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်နန်းသဇင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးများတို့က ပူးပေါင်းပါဝင် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)