ဆိုးလ် ၁၃ မေ

 

ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် INNO Group မှ ဥက္ကဋ္ဌဖြစ်သူ Mr. Seog-Chang Son သည် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်အား ယနေ့ နံနက် ၁၁ နာရီတွင် လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွင် အသုံးပြုနိုင်ရန်အတွက် မြန်မာကျပ်ငွေ သိန်း(၁,ဝ၀ဝ)နှင့် ညီမျှ‌သော Du Pont ကုမ္ပဏီထုတ် PPE Level D Kit Full Set အစုံ (၂,ဝ၀ဝ) အား ပေးအပ်ခဲ့ပြီး၊ သံအမတ်ကြီးမှ INNO Group သို့ ကျေးဇူးတင်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ PPE Level D Kit Full Set အစုံ(၂,ဝ၀ဝ)အား Myanmar Airways International (MAI) လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ဆောလျင်စွာ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

 

MDN

Credit, Ministry of Foreign Affair