ရန်ကုန် ၁၃ မေ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပျော်ဘွယ်ကြီးစံပြကျေးရွာ မင်းလမ်းအနောက်ပိုင်းလမ်း သိမ်ကျောင်း ဘုန်းကြီးကျောင်းရှေ့ရှိ အများသုံးသောက်ရေကန်အား ပြန်လည်တူးဖော်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်က သံချေးတက်ဆွေးမြေ့နေသော စစ်ကျန်ဗုံးသီးဟောင်းတစ်လုံးကို တွေ့ရှိခဲ့သည်။
အဆိုပါ ဗုံးသီးဟောင်းမှာ အလျား(၁၂)လက်မ၊ နောက်ပိတ်အချင်း(၄.၅)လက်မ၊ ထိတ်ဖူးအချင်း(၁)လက်မ၊ လုံးပတ်(၁၅)လက်မခန့်ရှိ သံချေးတက် ဆွေးမြေ့မှုကြောင့် ဒေသခံပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ပျော်ဘွယ်ကြီးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အေးကျော်နှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများက အဆိုပါ သံချေးတက်နေသော စစ်ကျန် ဗုံးသီးဟောင်းကို စစ်ဆေးရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)


