မင်းတပ် ၁၃  မေ

 

မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ပြည်သူ့ဆေးရုံ ဆေးသိုလှောင်ရုံနှင့် ခွဲစိတ်ခန်းပါ ဆေးရုံတိုးချဲ့ဆောင် တည်ဆောက်ပြီးစီးမှုကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ခရိုင်စီမံခန့်ခွဲမှုကော်မတီက္ကဋ္ဌ ဦးမောင်ထူးနှင့် ကန်ပက်လက်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ထိုသို့စစ်ဆေးရာတွင် ကန်ပက်လက်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၅၃ ဒသမ ၉၀၀ ကျပ်သန်း) ဖြင့် ပဒေသာလှိုင်မေတ္တာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကန်ပက်လက်မြို့နယ် ပြည်သူ့ဆေးရုံ ဆေးသိုလှောင်ရုံ တည်ဆောက်မှု ၇၅ ရာခိုင်နှုန်း ပြီးစီးမှုကို တာဝန်ခံ အင်ဂျင်နီယာ ဦးဇော်ရဲထက်က ရှင်းလင်းတင်ပြသည်။

 

_DSC7310

 

ထို့နောက် Asia Golden Bridge ကုမ္ပဏီမှ တည်ဆောက်လျက်ရှိသည့် ခွဲစိတ်ခန်းပါ ဆေးရုံတိုးချဲ့ဆောင် တည်ဆောက်မှုမှာ ၆၅ ရာခိုင်နှုန်း ပြီးစီးမှုကို တာဝန်ခံအင်ဂျင်နီယာ ဒေါ်ထွေးထွေးလှိုင်က ရှင်းလင်းတင်ပြရာ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေခြင်းကြောင့် ကျွမ်းကျင်လုပ်သား ရှားပါးမှု မဖြစ်စေရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ် ကာလအတွင်း အပြီးသတ်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

 

ဆလိုင်းအောင်(ပြန်/ဆက်)